ချစ်သူလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စည်ဖြိုးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတူ ကြိုးစားလုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့အတွဲလေးကို ကြည့်ပြီး ကြည်နူးအားကျနေရတာပါ။

Photo Credit- Khin Hlwan’s Facebook Account
Photo Credit- Khin Hlwan’s Facebook Account
Photo Credit- Khin Hlwan’s Facebook Account

သူတို့နှစ်ယောက်ဟာ အမြဲလိုလို ပရိသတ်တွေအတွက် ပုံရိပ်လေးတွေကြည့်ရှုနိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလလေးမှာလည်း ပရိသတ်တွေ မပျင်းရစေရန် Tik Tok လေးတွေ လည်း မကြာခဏ ဆော့ကစားနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း နှစ်ယောက်အတူ ရိုက်ကူးထားတဲ့ Tik Tok Video လေး တစ်ခုကို ဝေမျှလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။  

Photo Credit- Khin Hlwan’s Facebook Account
Photo Credit- Khin Hlwan’s Facebook Account
Photo Credit- Khin Hlwan’s Facebook Account

ဒါကတော့ ချစ်ရသူလေးရဲ့ပါးပြင်ကိုအနမ်းတွေဆက်တိုက်ပေးပြီးချစ်မဝဖြစ်နေတဲ့ စည်ဖြိုးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးဟာ ကြည့်ရှုသူတိုင်းကို ကြည်နူးမှုပေးစွမ်းစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေ အတွက် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Khin Hlwan’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။