အနုပညာလောကထဲကို အချိန်အတိုတွင်း လျှောက်လှမ်းလာသူကတော့ MRTV-4 မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ် ပဲဖြစ်ပါတယ်။ သူမကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ကျရာဇာတ်ကို ပီပြင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရိုးရှင်းအေးချမ်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကို ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo & Video Credit - May Myint Mo
Photo & Video Credit - May Myint Mo

သူမဟာ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကြီးတွေမှာလည်း ပါဝင် သရုပ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်။ သွယ်လျကျစ်ကျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ် လေးကို ပိုင်ဆိုင်ထားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိလှပါတယ်နော်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး မေမြင့်မိုရ် က မြန်မာလူမျိုးတို့ရဲ့ တန်းဖိုးထားတဲ့ တစ်နှစ်မှတစ်ခါသာ ဖူးပွင့်ဝေဆာနေတဲ့ ပိတောက်ပန်းလေးတွေကို ကိုယ်တိုင်ခူးနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - May Myint Mo

ဒီ ဗီဒီယို ဖိုင်လေးထဲမှာတော့ တစ်ပင်လုံး အဝါရောင်သန်းနေတဲ့ ပိတောက်ပန်းပွင့်လေးတွေကို အိမ်ပေါ်ထပ်ကနေ ကိုယ်တိုင်ခူးပြီး ဟန်ဆောင်မှုကင်းတဲ့ အမူရာလေးတွေကတော့ ပရိသတ်တွေ ချစ်အားပိုစေမှာ အမှန်ပါနော်...။ ချစ်ပရိသတ်တွေလည်း သနပ်ခါးပါးကွက်ကြားလေး လိမ်းချယ်ပြီး ဖူးပွင့်ဝေဆာနေတဲ့ ပိတောက်ပန်းတွေကို ခူးနေတဲ့ မေမြင့်မိုရ် လေးကို အသည်းလေးတွေ ပေးခဲ့ပါဦးနော်...။ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းပြီး ချစ်စရာကောင်းနေတဲ့ ပိတောက်ပန်းလေးတွေကို ခူးနေတဲ့မေမြင့်မိုရ် ရဲ့ ဗီဒီယို ဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - May Myint Mo

Source - May Myint Mo Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။