ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောသက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်လို့ ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သက်မွန်မြင့်က ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာလည်းပါဝင်သရုပ်ဆောင်နေပြီး အနုပညာသက်တမ်းကလည်းဝါရင့်နေပြီဖြစ်တာကြောင့် သူမရဲ့အိုင်တင်တွေကလည်းအရမ်းကောင်းပါတယ်နော်။

Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page

သက်မွန်ကပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး သူမရဲ့ချစ်ခင်ပွန်းကလည်းအိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။သက်မွန်က သားတစ်ယောက်၊သမီးတစ်ယောက်ကိုလည်းမွေးဖွားထားပေမယ့် ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် နုငယ်ပျိုမျစ်ပြီးအရမ်းလှနေတာဖြစ်ပါတယ်။သက်မွန်က တိုင်းရင်းသူလေးလည်းဖြစ်တာကြောင့် ဖြူစင်အေးချမ်းတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page

သက်မွန်က အခုလတ်တလောမှာဆိုရင်တော့ မိသားစုနဲ့အတူ အိမ်ထဲမှာပဲ Stay homeနေပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးနေတာဖြစ်ပါတယ်။သက်မွန်က အခုဆိုရင်တော့"အခါလွန် ပေမယ့် အချစ်တွေ မပြယ်ပါဘူး ပိတောက်ပန်းလေးတွေရယ်"ဆိုပြီး မိုးရေနဲ့ထိတွေ့ထားလို့ ပွင့်လန်းလာတဲ့ပိတောက်ပန်းလေးတွေကြောင့် အရမ်းပျော်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page

Source&Photo Credit:Thet Mon Myint's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။