မော်ဒယ်ခေတ်ဦးကတည်းက ကျော်ကြားခဲ့ပြီး ယနေ့ချိန်ထိ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူကတော့ သရုပ်ဆောင် မင်းသမီး စမိုင်းလ် ပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ် ဟာ ချစ်ခင်ပွန်းနဲ့အတူ သမီးလေးနှစ်ယောက်ကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ကာ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားကြတာပါ။ 

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် Surprise လေးတွေလုပ်ကြတာ ရိုမန့်တစ်ဆန်လွန်းတာကြောင့် ပရိသတ်တွေက အားကျနေရတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ လတ်တလော Home Stay ကာလလေးမှာ မိသားစုဝင်များကို တစ်နေ့တစ်မျိုးမရိုးရအောင် ဟင်းတွေ ချက်ပြုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်စေရန် အတွက်လည်း လေ့

ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

အခုတစ်ခါမှာလည်း သူမရဲ့ Instagram လူမှုကွန်ယက်တွင် ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျန်းမာရေးအတွက် ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ သရုပ်ဆောင် စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် စမိုင်းလ်ရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Smilemaung’s Instagram 

Photo Credit- Smilemaung’s Instagram Account
Photo Credit- Smilemaung’s Instagram Account
Photo Credit- Smilemaung’s Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။