ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ အားလုံးရဲ့ အသည်းတွေကို ခြွေယူထားသူလေးကတော့ မင်းသမီးချောလေး ခင်ဝင့်ဝါပဲ ဖြစ်ပါတယ်နော်..။

ငယ်ရွယ်နုပျိုမှုတွေနဲ့ သမင်ပျိုလေးလို ပုရိသပရိသတ်တွေကို အမြဲအချစ်ပို ဖမ်းစားထားသလို ဆွဲဆောင်မှုရှိတဲ့ ကျော့ရှင်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူပါပဲ..။

Photo Credit - RBV
Photo Credit - Khin Wint Wah's FB Account

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတာကလည်း အပြစ်ကင်းတဲ့ သူမရဲ့ ချစ်စရာဟန်ပန်ပုံရိပ်လေးတွေကြောင့်ပါပဲ မဟုတ်လားနော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေတွေနဲ့ ဆွဲဆောင်မှုရှိပုံရိပ်လေးတွေကို အားလုံးက ချစ်ခင်ကြတာမို့ အခုတစ်ခါမှာလည်း ခေးလေးရဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်နော်..။

Photo Credit - Khin Wint Wah's FB Account
Photo Credit - Khin Wint Wah's FB Account

ကျောင်းဝတ်စုံလေးနဲ့ အပြစ်ကင်းကင်း ချစ်စရာကောင်းနေတဲ့ ကျောင်းသူလေးအဖြစ် သူမရဲ့ ငယ်ဘဝအမှတ်တရလေးကို မျှဝေထားတာဖြစ်ပြီး ငယ်ရွယ်စင် ကလေးဘဝပုံရိပ်လေးတွေနဲ့ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားတာပါ..။

ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ ခေးလေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Khin Wint Wah's FB Account
Photo Credit - Khin Wint Wah's FB Account

Source & Photo Credit - Khin Wint Wah's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။