ပရိသတ်ကြီးရေ အချစ်တော်လေး နေခြည်ဦးကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးဟာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကြီးတွေမှာလည်း လက်ခံရိုက်ကူးလာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေခြည်ဦးကတော့ စိတ်သဘောထားလည်းပြည့်ဝသလို စကားပြောရင်လည်းပွင့်ပွင့်လင်းလင်း ပြောဆိုတက်ပြီး ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo Credit - Beautynaychi
Photo Credit - Beautynaychi

သူမကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဘယ်လိုဖက်ရှင်မျိုးကိုမဆို ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်တက်တာကြောင့်ပျိုမဒီလေးတွေရဲ့လေးစားအတုယူရတဲ့သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် Stay Home အချိန်လေးမှာ ပရိသတ်တွေအတွက် အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ပရိသတ်အတွက် အလှအပနဲ့ ပတ်သတ်ပြီး အကြံပြုလာခဲ့ပါတယ်။

Photo Credit - Beautynaychi
Photo Credit - Beautynaychi

"အသားရည်လေး glow ဖြစ်ချင်တယ် ကြည်ချင်တယ်ဝက်ခြံတွေ ဆားဝက်ခြံတွေပျောက်ချင်တယ်ဆိုလေ့ကျင့်လုပ်ရမယ် အချိုတွေလျှော့စားရမယ်ရေများများသောက်ရမယ်ဆိုတာလဲ မမေ့ပါနဲ့နော်။Gym သွားနိုင်မှ work out လုပ်လို့ရတာလုံးဝမဟုတ်ပါဘူး...ကိုယ့်အိမ်က ကျောတခင်းစာနေရာလေးမှာ တစ်နေ့ နိုင်သလောက် ၁၅ မိနစ် နာရီဝက်လေးလုပ်ကြည့်ပါ...youtube မှာ free workout video တွေကလေ့လာပါ" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit - Beautynaychi

Source - Beautynaychi's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။