Rap သီချင်းလေးတွေကို အထာကျကျ သီဆိုနိုင်သူလေးကတော့ အဆိုတော်မလေး Bobby Soxer ပဲ ဖြစ်ပါတယ်။ သူမဟာ သီဆိုတဲ့ သီချင်းတိုင်းကို ကိုယ်တိုင် ဖန်တီးရေးသားသီဆိုတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Bobby Soxer ဟာ Rap သီချင်းများသာမကဘဲ POP သီချင်းချိုချိုလေးတွေလည်း သီဆိုတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account

ထက်ထက်ဟာ တေးသီချင်း Album များစွာထွက်ရှိထားရုံသာမကဘဲ ချစ်သူ လွှမ်းပိုင်နဲ့အတူ သီဆိုထားတဲ့ Album ဟာလည်း ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲ ဖြစ်ပါတယ်။ သူမရဲ့ နှုတ်ခမ်းထက်က မှည့်လေးကိုလည်း အားလုံးက ကြွေနေရတာပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း ထက်ထက်ရဲ့ သီချင်းသစ်လေးတွေကို အားပေးရန် မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account

ထက်ထက်ကတော့ Home Stay ကာလလေးမှာ အပျင်းပြေ Tik Tok လေးတွေ ဆော့နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အပြင်မှာ ဒါမျိုး အင်မတန်မှ မြင်ရခဲပါတယ် tiktok dance vdoတွေရိုက်ရတာ ပျော်တယ် ဟီးဟီး " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် အမိုက်စားကကွက်တွေနဲ့ မရိုးရအောင်ကပြထားတဲ့ Bobby Soxer ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Htet Htet Aung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။