Mobile Legends ရဲ့ Rank ဟာခုတလော အခြေအနေမှာတော့ အပြင်းအထန်းကို Mythic ဆိကိုဦးတည်နေတဲ့ကစားသမားတွေများစွာရှိနေပါတယ်။ Low Rank မှာရော High Rank မှာပါ ကစားသမားတွေက တစ်ဖက်ကို တစ်ဖက် အကြိတ်အနယ်နဲ့ ယှဉ်ပြိုင်ကစားနေကြပါတယ်။ အဲ့လိုကစားနေချိန်မှာ Hero ကလဲ စကားပြောပါတယ်။ ကိုယ်အနေနဲ့ အဲ့လို အကြိတ်အနယ်ယှဉ်ပြိုင်နေချိန်မှာ ဘယ် Hero တွေကို ရွှေးရမလဲဆိုတာ သိသင့်ပါတယ်။   

ခုချိန်မှာတော့ Tank Player တွေအတွက် Meta Tank ဖြစ်နေတဲ့ Belerick ကို ဖော်ပြပေးလိုက်ပါတယ်။ Belerick ကြီးဟာ Revamp လုပ်ပြီးနောက်မှာ အရင်ကထက် ပိုမာ ပိုကြမ်းလာပါတယ်။ Damage တွေလဲ တော်တော်လေးပေးနိုင်ပြီး Team Fight မှာ တော်တော်လေးကို အရေးပါလာပါတယ်။ သူသာ Battle မှာ ရှေ့ကနေ နေပေးနေရင် နောက်ကနေ Mage တို့ MM တို့က အေးဆေးလေး ချနေရုံပါပဲ။  

Belerick ဟာ ခုလက်ရှိမှာ တော်တော်လေးကို Damage အကြမ်းတွေ ပြန်ပေးနိုင်ပြီး သူ့ကိုသာ Vengeance နဲ့ဆော့မယ်ဆိုရင် ပုံမှန်သူ့ Passive ကပေးတာထက် ရန်သူကို ပို Damage ပြန်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် Battle မှာ ငြိမ်ငြိမ်ကြီး ဝင်တိုက်ချင်တယ်ဆိုရင်တော့ Revitalize ကိုသုံးပြီး Skill တွေ Damage တွေငြိမ်ငြိမ်ကြီး ပေးနေရုံပါပဲ။ Battle ထဲဝင်ပြီဆိုတာနဲ့ Ultimate ကိုအရင်သုံးပြီး Skill 1 နဲ့ 2 ကိုတစ်လှည့်စီသုံးနေပေးရုံနဲ့ ပြီးပါပြီ။ ရန်သူဘက်မှာပါတယ်ဆိုရင်တော့ Belerick ကိုရှောင်ပြီး နောက်ဆုံးကျမှ သူ့ကိုသတ်ပါ။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။