မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger မလေးအဖြစ် စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုများစွာရရှိခဲ့တဲ့ နေခြည်ဦးက အလုပ်နဲ့ပတ်သက်ရင် ကြိုးစားပမ်းစားလုပ်ကိုင်တတ်တာ ဖြစ်ပါတယ် ။ ဝေဖန်မှုတွေကြားကနေ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ နေခြည်ဦးက ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

ဒီရက်ပိုင်းမှာတော့ နေခြည်ဦးက အိမ်မှာနေရင်းအလုပ်လုပ်သလို လေ့ကျင့်ခန်းတွေလည်းလုပ်ဖြစ်နေကြောင်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေကိုအသိပေးထားတာ ဖြစ်ပါတယ် ။ Tik Tok ကစားရတာလည်းဝါသနာပါတဲ့ နေခြည်ဦးက အပျော်တမ်းဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုလည်း နေခြည်ဦးက "To all my drama queens Including me #naychioo #naychitiktok" ဆိုပြီး ဗီဒီယိုအသစ်လေးကို မျှဝေလိုက်ပါတယ်။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

ဒီဗီဒီယိုလေးမှာတော့ နေခြည်ဦးက Drama Queen တစ်ယောက်လို ထိထိမိမိလေးသရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ် ။ နေခြည်ဦးက အိုက်တင်မျိုးစုံလုပ်ပြပြီး အပီအပြင် Tik Tok ကစားပြထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Nay Chi Oo's FB Acc 

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။