ပရိသတ်ကြီးရေ မင်းသမီးချော အေးမြတ်သူကတော့ မော်လ်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့တာဟာ ယခုဆိုရင် အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာ ဇာတ်ရုပ်ကို သဘာဝကျကျ ပိုင်နိုင်စွာ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီ ဆုတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာလည်း ဒီထပ်မကအောင်မြင်မှုတွေရရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit - Zaw Myo Htet
Photo Credit - Aye Myat Thu

အေးမြတ်သူကတော့ စိတ်သဘောထားပြည့်ဝသလိုသူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့ အပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်းကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေတာကို တွေ့ရပါတယ်။ ယနေ့အချိန်ထိနုပျိုနေဆဲဖြစ်ပြီး သူမရဲ့ ပင်ကိုယ်အလှတရားတွေကတော့ ဆယ်ကျော်သက်တွေ အရှုံးပေးရလောက်ပါတယ်နော်...။ ယခုမှာဆိုရင်လည်း အေးမြတ်သူက အိမ်မှာနေရတဲ့ အချိန်လေးမှာ မြန်မာအကအလှလေးတွေနဲ့ ချစ်စရာကောင်းလောက်အောင် Tik Tok ဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aye Myat Thu

ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ကာ သီချင်းတစ်ပုဒ် နှင့် တစ်ပုဒ် ကို မတူညီနဲ့ ကကွက်တွေကို သဘာဝကျကျ ကပြသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူက "ချစ်ရတဲ့သူတွေ အပျင်းတော်ပြေစေဖို့ မြန်မာအကလေးနဲ့ တင်ဆက်ပါ့ရစေရှင်...မြန်မာအကကိုလည်း သင်ချင်ပါတယ်...ရှင်..ခြေလက်အနေထားကျကျစည်းဝါး မိမိ ကော့ညွတ်နေအောင် ကတက်ချင်သူလေး တယောက်ပါ...အားလုံးရဲ့ စိတ်သောကတွေ အမြန်ဆုံးကင်းလွှတ်ငြိမ်းအေးရပါလို၏ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မြန်မာအကလေးနဲ့ Tik Tok ဆော့ထားတဲ့ အေးမြတ်သူရဲ့ ဗီဒီယို ဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aye Myat Thu

Source - Aye Myat Thu's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။