မော်ဒယ်Mဆိုင်းလုကတော့ အောင်မြင်နေတဲ့ မော်ဒယ်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်သလို အချိုးအစားပြေပြစ်တဲ့ အမိုက်စားကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ 

photo credit : m seng lu ' s facebook acc
photo credit : m seng lu ' s facebook acc

ပြုံးတိုင်းလိုက်တိုင်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ဖော်ဖော်ရွေရွေနဲ့ ပြောဆိုနေထိုင်တတ်ပါတယ် ။အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အမိုက်စားTiktokလေးတွေကို ဆော့ကစားလေ့ရှိပြီး  အဆိုပါTiktokလေး တွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။သူမကတော့ ယခုမှာ လူငယ်တစ်ယောက်လို နုပျိုသွက်လက်ပြီး အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အမေ့ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 

photo credit : m seng lu ' s facebook acc
photo credit : m seng lu ' s facebook acc
photo credit : m seng lu ' s facebook acc

သူမကတော့  "  ကိုယ့်ထက် ပိုကေသော အနု မျက်နှာပြောင်နဲ့ ဘယ်တော့မှ အပြင်မထွက်တတ်တဲ့ အနု ဒေါက်ဖိနပ် အရမ်းကြိုက်တတ်တဲ့ အနု အမြဲတမ်း သား သမီးရှေ့မှာ မှားမှားမပ်မပ် ရပ်တည်ပေးတဲ့ အနု အနု ရဲ့ သမီးဖြစ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ပျော်ရွှင်သော မွေးနေ့ပါ ကျန်းမာရေး ဂရုစိုက်ပါနော်  "ဆိုပြီး သူမရဲ့  လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ် ။ချစ်ပရိသတ်တွေအတွက် Mဆိုင်းလုတို့သားအမိရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Source :  m seng lu ' s facebook acc 

photo credit : m seng lu ' s facebook acc
photo credit : m seng lu ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။