ပြည်သူ့အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ကတော့ စကားပြောပွင့်လင်းချိုသာပြီး ဟန်ဆောင်မှုကင်းကင်းနဲ့ နေထိုင်တတ်သူလေးပါ။ သူမရဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ၊ စကားပြောဟန်လေးတွေကြောင့် ခိုင်သင်းကြည်က အခုချိန်အထိ လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။ ခိုင်သင်းကြည်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးပြီး အကယ်ဒမီဆုတွေလည်း သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

လက်ရှိမှာတော့ ခိုင်သင်းကြည်က ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ကလေးတစ်ယောက်အမေဖြစ်တဲ့ ခိုင်သင်းကြည်က အခုချိန်အထိ ဆယ်ကျော်သက်လေးလိုငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပါတယ် ။ အခုလည်း မခိုင်လေးက ပရိသတ်တွေအတွက် (၃)နှစ်သမီးအရွယ်က ချစ်စရာပုံရိပ်လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Page
Photo Credit-Khine Thin Kyi's FB Acc

မခိုင်လေးက "ကဲ ၃ နှစ်သမီးတုန်းကပုံလေးနဲ့ အလင်းပြလိုက်ပြီ ငယ်ငယ်တည်းက ချောတယ်ဆိုတာယုံပြီမလား " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ မခိုင်လေးက ငယ်ငယ်ကပုံရိပ်လေးနဲ့ ယခုလက်ရှိပုံရိပ်လေးကိုယှဥ်ပြထားတာကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Khine Thin Kyi's FB Acc

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Page
Photo Credit-Khine Thin Kyi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။