အကယ်ဒမီဆုရှင် မင်းသမီးချောရတနာကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။ အခုချိန်အထိလည်း ချောရတနာက ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ချောရတနာက သူမရဲ့သားနဲ့သမီးကိုလည်း မိခင်မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

အခုလို Stay At Home ကာလမှာတော့ ချောရတနာက သားသမီးတွေနဲ့ပဲ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ ချောရတနာရဲ့သားနဲ့သမီးကလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေတာဖြစ်ပါတယ်။ အခုလည်း ချောရတနာက သားနဲ့သမီးရဲ့ချစ်စရာဗီဒီယိုလေးကို သူမရဲ့Facebook Account မှာ မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ချောရတနာက ကြည်နူးစရာကောင်းနေတဲ့ Co Co လေးတို့မောင်နှမကိုကြည့်ပြီး ဗီဒီယိုလေးရိုက်ကာ တင်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ချောရတနာရဲ့သမီးလေး Co Co က အစ်ကိုဖြစ်သူကိုကိုယ်တိုင်ဖိနပ်စီးပေးပြီး အချစ်တွေပိုနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက်ချောရတနာရဲ့သားနဲ့သမီးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Chaw Yadanar's FB Acc

Photo Credit-Chaw Yadanar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။