အောင်မြင်တဲ့စွယ်စုံရအနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်တဲ့ ခင်လှိုင်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့တဲ့  ခင်လှိုင်ကတော့ ယခုမှာ အိမ်ထောင်သည်ဆိုတဲ့ ဘဝကြမ်းကို ဇနီးသည်နဲ့အတူလျှောက်လှမ်းခဲ့ပြီး လောကဒဏ်ကိုကြံ့ကြံ့ခံအံတုခဲ့တာ အနှစ်သုံးဆယ်ပြည့်ခဲ့ပြီဆိုတဲ့ အ​ကြောင်းကို ပရိသတ်တွေထံ ပြောပြလာခဲ့ပါတယ်။ 

photo credit : khin hlaing ' s facebook acc
photo credit : khin hlaing ' s facebook acc

ခင်လှိုင်ကတော့ "  နှစ်သုံးဆယ်ပြည့်ခဲ့ပြီပေါ့…အိမ်ထောင်သည်ဆိုတဲ့ ဘဝကြမ်းကြမ်းကို ဒို့နှစ်ယောက်အတူတူ လျှေက်လှမ်းခဲ့တဲ့တဲ့ ကာလတိုရည်ညွှန်းသော…အချိန်ပြဇယားတစ်ခု…ဘဝ…ရေးရတာလွယ်လိုက်တာ. စာလုံးလေးနှစ်လုံးထဲဘကုံးလေးရယ်.ဝလုံးလေးရယ်…ထဲထဲဝင်ဝင်ခြေချမိတဲ့အိမ်ထောင်သည်ဘဝကတော့စစ်တလင်း…စစ်တလင်း…စစ်တလင်းကိုချစ်ချင်းဆိုတဲ့သတ္တိနဲ့မာန်တင်းပြီးစဖြတ်တော့ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရတဲ့…သတ်ကွင်းတွေမှာ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit : khin hlaing ' s facebook acc
photo credit : khin hlaing ' s facebook acc

ခင်လှိုင်ကတော့ " လက်နှက်မျိုးစုံနဲ့တိုက်ခိုက်တဲ့.လောကဒါဏ်ကိုကြံ့ကြံ့ခံအံတုလဲကြတဲ့အချိန်တိုင်းအနားမှာ တစ်ဖွားမှမခွါပဲအမြဲလိုစစ်ကူပေးတဲ့ကျွန်တော့ချစ်သူ မငယ်လေးရေ… အခုဆို အရင်လောက်သောကမရောက်တော့ပါဘူးစစ်ကူလေးတွေ…ရောက်နေကြပြီရဲဘော်အသစ် သား သမီး မြေး မြစ်တွေပေါ့ "ဆိုပြီးရေးသားထားခဲ့ပါတယ်။ချစ်ပရိသတ်တွေအတွက် ခင်လှိုင်တို့ ဇနီးမောင်နှံ ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source :  khin hlaing ' s facebook acc

photo credit : khin hlaing ' s facebook acc
photo credit : khin hlaing ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။