ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသားချောလေး ညီထွဋ်ခေါင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်မာရရှိနေပြီလည်းဖြစ်ပါတယ်။ ညီထွဋ်ခေါင် ဟာဆိုရင် ကျစ်လျစ်တောင့်တင်းတဲ့ အမိုက်စား body လေးကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိပြီး နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းဆွဲ ချစ်ခင်အားပေးနေရတာကိုလည်းတွေရပါတယ်။ အမြဲလိုလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတက်ပြီး စနောက်တက်သူလေးပဲဖြစ်ပါတယ်။

Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung

ညီထွဋ်ခေါင် ရဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် စိတ်သဘောထားပြည့်ဝသလို သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တာကြောင့် ပရိသတ်တွေအပြင်အနုပညာမောင်နှမတွေက လေးစားချစ်ခင်နေရတာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် MRTV-4 မှာပြသနေတဲ့ "အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း အချစ်တော်လေး ညီထွဋ်ခေါင် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung

ယခုမှာတော့ ညီထွဋ်ခေါင် က အဲ့ဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတချို့ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေကလည်း အနုပညာရှင်မောင်နှမတွေဖြစ်တဲ့ မင်းသမီးချောလေး ခင်သဇင် နဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်တွေလည်း မင်းသားချောလေး ညီထွဋ်ခေါင် ပါဝင်သရုပ်ဆောင်ထားတဲ့" အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးကို အားပေးကြပါဦးနော်.. ။

Photo Credit - Nyi Htut Khaung

Source - Nyi Htut Khaung's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။