မင်းသမီးချောလေး မိုးယုစံကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မိုးယုစံက သရုပ်ဆောင်ပိုင်းမှာထူးချွန်ပြီး အနုပညာအရည်အချင်းအပြည့်ရှိသူလေးလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မိုးယုစံက အနုပညာအလုပ်တွေကိုဖြည်းဖြည်းချင်းသာလုပ်ကိုင်နေပြီး မိသားစုလေးကိုအချိန်တွေပေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုစံက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို ရရှိထားတာကြောင့် ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။ မိုးယုစံက ဂရုစိုက်ကြင်နာတတ်တဲ့ချစ်ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့သားလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အခုလည်း မိုးယုစံက ချစ်ခင်ပွန်းနဲ့ကြည်နူးစရာအမှတ်တရလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုစံက ချစ်ခင်ပွန်းနဲ့အတူ သာယာလှပတဲ့ပန်းခင်းကြီးထဲမှာရိုက်ကူးခဲ့တဲ့ Pre Wedding ပုံရိပ်လေးတွေကို ဗီဒီယိုလေးနဲ့မျှဝေလိုက်တာ ဖြစ်ပါတယ် ။ မိုးယုစံတို့ဇနီးမောင်နှံက Romantic ဆန်ဆန်နဲ့ အရမ်းကိုကြည်နူးစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယုစံတို့ဇနီးမောင်နှံရဲ့အမှတ်တရဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Moe Yu San's FB Acc

Photo Credit-Moe Yu San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။