ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြား လူနေအိမ်တွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Dancing Building" အကအိမ်ကြီး အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ထိုအိမ်ကြီးဟာ ချက်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပြီး ဘယ်လိုကြောင့် အကအိမ်လို့ အမည်တွင်ခဲ့သလဲဆိုတာကို ရေးသား ဖော်ပြပေးမှာ ဖြစ်ပါတယ်။

photo credit pngtree

ဖရက်နှင့် ဂျင်ဂါလို့ အမည်ရှိသော ကပွဲဆောင်အိမ်ဟာ ချက်သမ္မတနိုင်ငံ၊ ပရတ်မြို့မှာ တည်ရှိတာပါ။ ထိုအဆောက်အအုံဟာ ပရတ်မြို့၊ ဗီတာဗာမြစ်အနီး၊ ရှေးဟောင်းဂန္ထဝင် အဆောက်အဦများ အကြားမှာ တည်ရှိပြီး ဗိသုကာပညာရဲ့ အတုမရှိသော အံ့သြဖွယ် လက်ရာတစ်ခုအဖြစ် ထင်ရှားတာ ဖြစ်ပါတယ်။

photo credit pngtree

ကပွဲရုံရဲ့ ဒီဇိုင်းဟာ တစ်ဦးနှင့် တစ်ဦးပွေ့ဖက်ကာ ကနေသော အမျိုးသား အမျိုးသမီး စုံတွဲတစ်တွဲပုံစံဖြစ်ကာ ဖရက်နှင့် ဂျင်ဂါ ရော်ဂျားစ်အမည်ရှိ ကချေသည် နှစ်ဦးကို ကိုယ်စားပြုထားတာပါ။ ကပွဲရုံဒီဇိုင်းကို ဗိသုကာ ပညာရှင်များဖြစ်ကြတဲ့ ဗလာဒိုမီလူနီ နှင့် ဖရန့်ဂေဟရီ တို့က ပုံစံ ရေးဆွဲခဲ့ကြတာပါ။ ကပွဲရုံဒီဇိုင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့သော်လည်း တိုင်းမဂ္ဂဇင်းက ချီးမြှင့်သော ၁၉၉၆ ခုနှစ်အတွင်း အကောင်းဆုံး ဒီဇိုင်းဆုကိုရရှိခဲ့ကာ ပရတ်မြို့ရဲ့ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ဖြစ်လာခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။