ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူအြချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ သရုပ်ဆောင်မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတာပဲ ဖြစ်ပါတယ်..။

အနုပညာနယ်ပယ်မှာ တစ်ယောက်တစ်နေရာကနေ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသလို ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာမို့ ပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်..။

Photo Credit - Christina Kyi's FB Page
Photo Credit - Christina Kyi's FB Page
Photo Credit - Christina Kyi's FB Page

တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုလေးတွေနဲ့ ပရိသတ်တွေကို ကြည်နူးပျော်ရွှင်စေပြီး ချစ်စရာသားလေးတစ်ယောက်နဲ့အတူ မိသားစုပုံရိပ်လေးတွေကလည်း တကယ်ကို ကြည်နူးချမ်းမြေ့စေတာမို့ မြင်သူပရိသတ်တွေတိုင်းက သဘောကျနေကြတာပါ..။

လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဒါရိုက်တာခရစ္စတီးနားခီတစ်ယောက် အိမ်မှာနေရင်း သားလေးနဲ့အတူ ရေချိုးကန်ထဲရေအတူစိမ်ရင်းပျော်ရွှင်စွာ ရေကစားရင်း ပျော်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း ထပ်မံမျှဝေထားပါသေးတယ်..။

Photo Credit - Christina Kyi's FB Page
Photo Credit - Christina Kyi's FB Page
Photo Credit - Christina Kyi's FB Page

အခုလို အိမ်မှာ stay at home နေရတဲ့အချိန်လေးမှာ သားလေးနဲ့အတူ အချိန်ပေးပျော်နေတာလေးကိုလည်း "Spending time with my baby.." ဆိုပြီး ပျော်စရာအချိန် ပုံရိပ်လေးတွေကို မျှဝေထားတာပါနော်..။

ခရစ္စတီးနားခီတို့ သားအမိနှစ်ယောက်အတူ ရေအတူစိမ်ရင်း ရေဆော့နေကြတဲ့ ပျော်ရွှင်ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံး သဘောကျအချစ်ပိုနေကြဦးမှာမို့ အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Christina Kyi's FB Page
Photo Credit - Christina Kyi's FB Page

Source & Photo Credit - Christina Kyi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။