ပရိသတ်ကြီးရေ နေမျိုးအောင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတာဖြစ်ပါတယ်။ နေမျိူးအောင်က အသက်အရွယ်တစ်ခုကိုရရှိလာပေမယ့် ခန့်ညားမှုတွေကတော့ နုပျိုပြီးချောမောနေတာကိုလည်းတွေ့ရပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတာမို့ သဘာဝမင်းသားကြီးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှိနေခဲ့ပါတယ်။

Photo Credit - နေမျိုးအောင်
Photo Credit - နေမျိုးအောင်

လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အရင်ကထပ် မလုပ်နိုင်တော့ပေမယ့် ပရိသတ်တွေနဲ့ ဝေကွာမသွားအောင် ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်တာဖြစ်ပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ အားတဲ့အချိန်တွေမှာဆို သူပိုင်ဆိုင်တဲ့ " နေမင်းသား" ဟိုတယ်ရဲ့ခြံထဲမှာ အပင်လေးတွေစိုက်ပျိုးရင်း သွားရောက် အနားယူနေထိုင်တာလည်းရှိပါတယ်။

Photo Credit - နေမျိုးအောင်
Photo Credit - နေမျိုးအောင်

ယခုတစ်ခါမှာလည်း သီးပင်၊ စားပင်တွေ စိုက်ပျိုးတာကို ဝါသနာပါတဲ့ နေမျိုးအောင်ကတော့ အားတဲ့အချိန်လေးမှာ စိုက်ပျိုးထားတဲ့ ခြံထဲက ငရုပ်သီးပင်လေးက ဝေဝေဆာဆာ သီးနေတဲ့ ငရုပ်သီးတွေကိုခူးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ သဘာဝမင်းသားကြီးရဲ့ ငရုပ်သီးခူးနေတဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်တွေလည်း အသည်းလေးတွေပေးခဲ့ပါဦးနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ပန်းအိုးလေးတွေနဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ငရုပ်သီးပင်လေးတွေနဲ့ အတူ ဓာတ်ဖမ်းခါးတဲ့ နေမျိုးအောင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - နေမျိုးအောင်

Source - နေမျိုးအောင် Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။