ပရိသတ်ကြီးရေ အေးဝတ်ရည်သောင်း ကတော့တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လူကြီး ၊ လူငယ်မရွေး အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားဝန်ရံခြင်းကိုခံရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင်လည်း မင်းသမီးချောလေး အေးဝတ်ရည်သောင်း ကို ပရိသတ်တွေက ချစ်စနိုးနဲ့ မအေးသောင်းလို့လည်း ခေါ်တက်တာကိုတွေ့ရပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ကောင်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင် နိုင်သူပဲဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Aye Thaung

ပြည်သူချစ်အနုပညာရှင် မင်းသမီးတစ်ယောက်ဆိုပေမယ့်လည်း ဝတ်စားဆင်ယဉ်မှုတွေမှာ ခေတ်ပေါ်ဖက်ရှင်တွေထက် ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးတွေကို အမြဲဆိုသလို ဝတ်ဆင်တက်တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလှတရားတွေကလည်း နုပျိုနေဆဲဖြစ်လို့ ပျိုမဒီလေးတွေ အားကျနေရတာဖြစ်ပါတယ်။ ယခုမှာတော့ အချစ်တော်လေး မအေးသောင်းက မေလ (၂) ရက်နေ့မှာ အသက် ၅၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖခင်ကြီးကမွေးနေ့ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

Photo Credit - Aye Thaung
Photo Credit - Aye Thaung

"Happy Birthday ဖေကြီး အဖေလိုအဖေမျိုးပိုင်ဆိုင်ရတဲ့ သမီးက ကမ္ဘာပေါ်မှာကံအကောင်းဆုံးပါပဲ.. အမြဲပျော်ရွှင်ရတယ် ဟာသတွေပြောတတ်တယ် ဓာတ်ပုံလေးတွေအမြဲရိုက်ပေးတယ်... ဘယ်သွားသွားလိုက်စောင့်ရှောက်ပေးတဲ့ ဖေကြီး.... အသက် ၅၇ မှ စပြီးနှစ်ပေါင်းရာကျော်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနားမှာအတူတူအမြဲနေနိုင်ပါစေ ဖေကြီး...ချစ်တယ်" ဆိုပြီး ရေးသားဆုမွန်ကောင်းတောင်းပေးထားပါတယ်။ ကဲ...ပရိသတ်တွေလည်း အချစ်တော်လေး မအေးသောင်း ရဲ့ဖခင်ကြီးမွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Aye Thaung
Photo Credit - Li John

Photo Credit - Aye Thaung

Source - Aye Thaung's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။