ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောသဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပဲ ဖြစ်ပါတယ်..။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် သူမရဲ့ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း ယနေ့အချိန်အထိ တခဲနက်အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

ချစ်စရာကောင်းလွန်းတဲ့ သားလေးအပြင် လပိုင်းသာရှိသေးတဲ့ သမီးလေးကိုလည်း ချစ်မဝဖြစ်ကာ သားသားမီးမီးလေးတွေနဲ့ ပျော်နေတဲ့ သဉ္ဇာရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း အားကျချစ်ခင်ကာ အမြဲသဘောကျနေကြမှာပါနော်..။

အခုတစ်ခါမှာလည်း သဉ္ဇာတစ်ယောက် မနက်ဆို အစောကြီး ဌဆော့နေတတ်တဲ့ သမီးလေးရဲ့အကြောင်းကို မယုံတဲ့ခင်ပွန်းဖြစ်သူအတွက် ဆော့ကစားနေတဲ့ သမီးလေးရဲ့လှုပ်ရှားမှုလေးတွေကို ဗီဒီယိုလေးရိုက်ကာ သက်သေပြလိုက်ပြန်ပါတယ်နော်..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

"မနက်၅:၃၀ဆိုသူအမြဲထဆော့တယ်လို့ ယောကျားကိုပြောရင်မယုံလို့ပြဖို့ရိုက်ထားတာ ချော့သိပ်ရင်လက်ပေါ်မှာအိပ်တယ်ချလိုက်တာနဲပြန်ဆော့တယ် အကိုတူညီမပါဆို.." ဆိုပြီး သမီးလေးကစားနေတဲ့ ချစ်စရာဗီဒီယိုလေးကို မျှဝေထားတာပါ..။

Tulip လေးလို့ ချစ်စနိုးခေါ်တဲ့ သဉ္ဇာရဲ့သမီးလေးကိုတော့ သဉ္ဇာမျိုးမြင့်လို့ အမည်လေးပေးထားပြီး ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့က မွေးဖွားခဲ့တာမို့ Tulip လေးဟာ အခုဆိုရင် ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကလည်း အသည်းယားအချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

Source & Photo Credit - Thinzar Nwewin's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။