မင်းသမီးချော မယ်လိုဒီကတော့ ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ် ။ မယ်လိုဒီက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာလည်း မယ်လိုဒီက သားလေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Melody Myo's FB Acc
Photo Credit-Melody Myo's FB Acc
Photo Credit-Melody Myo's FB Acc

မယ်လိုဒီက ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မယ်လိုဒီက သားလေးနဲ့တစ်နေ့တာလှုပ်ရှားမှုတွေအားလုံးကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲလိုလိုမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း မယ်လိုဒီက အိမ်မှာနေရင်း သားလေးနဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Melody Myo's FB Acc
Photo Credit-Melody Myo's FB Acc
Photo Credit-Melody Myo's FB Acc

မယ်လိုဒီက သားလေးသိဒ္ဓိစစ်ကို ဂုတ်ပေါ်တင်ပြီး ပျော်ပျော်ပါးပါးလေ့ကျင့်ခန်းလုပ်နေတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကို မယ်လိုဒီက "Good night အချစ်ဆုံးတို့ရေညနေကကစားချိန် သားသားလာကစားလို့ "ဆိုပြီး မျှဝေထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မယ်လိုဒီတို့သားအမိရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Melody Myo's FB Acc

Photo Credit-Melody Myo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။