သရုပ်ဆောင် မင်းသမီးချောလေး ယုသန္တာတင် ကတော့ ဗီဒီယို ဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။ ယုသန္တာတင် က ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း များစွာရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနား အတော်များများရဲ့ ဖိတ်ကြားခြင်းကို ခံရတဲ့ မင်းသမီးချောလေးပဲ ​ဖြစ်ပါတယ်.....။

Photo credit - Yu Thandar Tin's fb account
Photo credit - Yu Thandar Tin's fb account

ယခုလက်ရှိမှာတော့ ယုသန္တာတင် က ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း အပျင်းပြေ ဟာသ Tiktok videoလေးတွေကို ရိုက်ကူးရင်း ပရိသတ်တွေဆီကို အလွမ်းပြေတင်ပေးလေ့ရှိပြီး အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ကာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကိုလည်း တင်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ်.....။

Photo credit - Yu Thandar Tin's fb account

အခုလက်ရှိမှာလည်း ယုသန္တာတင်က သူမတူတဲ့ ဖက်ရှင်လေးနဲ့ ပရိသတ်တွေကို ရီမောပျော်ရွှင်စေရန်အတွက် သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " ဘောင်းဘီ အမဲ အရှည်တထည်ရယ် စက္ကူ အိတ်ခွံ တလုံးရှိရင် ဘုရင်ကြီးဘုရင်မကြီးရပါပီ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်........ ။

Photo credit - Yu Thandar Tin's fb account

Source & Photo credit - Yu Thandar Tin's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။