တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ကြိုးစားလုပ်ကိုင်ရင်း အောင်မြင်မှုတွေများစွာ ရရှိထားတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ အမိုက်စား Body ကို နှုတ်ခမ်းနီမလေးတွေက ကြွေနေရတာလည်း ဖြစ်ပါတယ်။

Photo Credit- Aung Ye Lin’s Facebook Page
Photo Credit- Aung Ye Lin’s Facebook Page
Photo Credit- Aung Ye Lin’s Facebook Page

အောင်ရဲလင်းဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ် ရိုက်ကူးနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်ရဲလင်းဟာ သရုပ်ဆောင်ဘက်တွင်ထူးချွန်ရုံသာမကဘဲ အဆိုပညာမှာလည်း ပါရမီ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေသိရှိရအောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Aung Ye Lin’s Facebook Page
Photo Credit- deep_ayl’s Instagram Story
Photo Credit- deep_ayl’s Instagram Story

အခုမှာလည်း သူ့ရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိသားစုဝင်တွေစားဖို့အတွက်ဆိတ်သားနဲ့ဒိန်ချဉ်ဟင်းကိုကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတဲ့ အောင်ရဲလင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - deep_ayl’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။