ပရိတ်သတ်ကြီးရေ......ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိလာတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ 3 Girlsရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။

ဒါ့ပြင်သုသုလေးဟာ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုလည်းတည်‌ထောင်ထားတာဖြစ်ပါတယ်။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံဟာ အတွဲညီညီနဲ့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပြီး အောင်မြင်မှုတွေအပြည့်အ၀ရရှိထားကြတာပါ။

သုသုလေးဟာ ခင်ပွန်းဖြစ်သူရဲ့အပေါ်မှာတော့ ကလေးတစ်ယောက်လိုချွဲပြီး နေတတ်တဲ့သူလေးဖြစ်ပါတယ်နော်။ပိုင်ဖြိုးသုဟာ မကြာခဏဆိုသလို သူမတို့မိသားစုလေးရဲ့အကြောင်းတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိပါတယ်။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

ဒီနေ့ မေလ(၂) ရက်နေ့ဟာဆိုရင်လည်း သုသုလေးရဲ့ခင်ပွန်းဒါရိုက်တာဏကြီးရဲ့ ၃၉နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ သုသုလေးဟာ မကြာသေးမီက သူမရဲ့Facebookစာမျက်နှာတွင် "သြော်... ဘာလိုလိုနဲ့ ဓါတ်ပုံထဲက ကောင်လေးတောင် ၃၉နှစ်အရွယ် အာဂျိရှီ ဖြစ်သွားရှာပြီ Happy Birthday ပါ 'ဦးရေခဲ' May you always be happy May all your creations be the ones you are satisfied with And most importantly, may you be able to withstand all my tantrums" ဆိုပြီး ချစ်ခင်ပွန်းအတွက် မွေးနေ့ဆုတောင်းလေးတောင်းပေးထားပါတယ်။ ပရိတ်သတ်တွေအတွက် ပိုင်ဖြိုးသုတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

Source-Paing Phyoe Thu's Facebook acc

Photo credit-Paing Phyoe Thu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။