ခေတ်ရှေ့ပြေးဖက်ရှင်များကို အများနဲ့မတူအောင် ဝတ်စားတတ်ပုံတွေကြောင့် ပုရိသတွေရဲ့ဝန်းရံအားပေးမှုတွေကိုရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမွတစ်ဆင့် အမြဲဝေမျှလေ့ရှိသူပါ။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

ပွဲအခမ်းအနားများတက်ရောက်ရာတွင်လည်း သူမရဲ့ဖက်ရှင်များဟာ အားလုံးရဲ့အကြည့်တွေကိုညှို့ယူဖမ်းစားနိုင်တာလည်း ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရသော်လည်း လျှောက်လှမ်းရမယ့်ပန်းတိုင်ကိုမရောက်ရောက်အောင် သွားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဇာဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

အခုမှာလည်း သူမရဲ့ Facebook story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မော်ဒယ် မင်းသွေးခန့်နဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သင်ဇာဟာ ဒီကြော်ငြာမှာ ဆရာဝန်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Thinzar Wint Kyaw’s Facebook Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။