ချစ်စရာသားသားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမရဲ့သားလေး Liamလေးကလည်း ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ ၁နှစ်ကျော်အရွယ်လေးနဲ့တင် လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ဖိုးဖိုး၊ဖွားဖွားတို့ကလည်း Liamလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးကြပါတယ်နော်။

Photo Credit: Yunwaddy's IG acc
Photo Credit: Yunwaddy's IG acc

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကျောင်းတွေပိတ်လို့ပြန်လာချိန်မှာ သားသားလေးကို နွေးထွေးတဲ့မိဘမေတ္တာတွေပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ရဲ့ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကအမြဲစောင့်ကြည့်ပြီးအားပေးကြသလို တစ်နေ့တစ်ခြားပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ Liamလေးရဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးနေကြတာပါနော်။

Photo Credit: Yunwaddy's IG acc
Photo Credit: Yunwaddy's IG acc
Photo Credit: Yunwaddy's IG acc

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက သားသားလေးနဲ့ Video Call တွေပြောပြီး အလွမ်းဖြေနေကြတာဖြစ်ပါတယ်။မေမေယွန်းဝတီလွင်မိုးကလည်း ကလေးတစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာပါနော်။အခုဆိုရင်လည်း ကြည်လင်လှတဲ့အသားအရည်လေးကအပြစ်အနာအဆာမရှိဘဲ ရိုးရိုးလေးနဲ့လှသွေးကြွယ်နေတဲ့ ခေးလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit: Yunwaddy's IG acc
Photo Credit: Yunwaddy's IG acc

Source&Photo Credit: Yunwaddy's IG acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။