မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး နန်းရွှေအေးကတော့ အေးချမ်းတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ အခိုင်အမာရယူထားနိုင်တဲ့ သူလေးပါ။ နန်းရွှေအေးကို သူမရဲ့ ချစ်ပရိသတ်တွေက ချစ်စနိုးနဲ့ ဟန်လေးလို့ ခေါ်ကြတာလည်း ဖြစ်ပါတယ် ။ ဟန်လေးက Missတစ်ယောက်ဖြစ်ပြီး အမြဲလိုလို စမတ်ကျကျနေထိုင်တက်သူတစ်ယောက်ဖြစ်တာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ သူပဲ ဖြစ်ပါတယ် ။

Photo credit - Nan Shwe Aye's facebook account

ဟန်လေးက လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် မျှဝေပေးလျက်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's facebook account

ယခုလက်ရှိမှာလည်း ဟန်လေးက သူမရဲ့ အိမ်မွေးခွေးလေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေကြမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ဟန်လေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Nan Shwe Aye's facebook account
Photo credit - Nan Shwe Aye's facebook account

Source & Photo credit - Nan Shwe Aye's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။