မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ချစ်ရတဲ့သား၊သမီးတွေနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်က သားလေးဘုန်းမင်းနေလနဲ့ သမီးလေးထင်သစ္စာတို့ကို မိခင်မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ခင်ဇာခြည်ကျော်က သားနဲ့သမီးကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Phone Min Nay La's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc
Photo Credit-Phone Min Nay La's FB Acc

လက်ရှိမှာဆိုရင် ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး အောင်မြင်မှုရနေတာလည်း ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ ဟန်ဆောင်မှုကင်းကင်းနေတတ်ကြတဲ့ ခင်ဇာခြည်ကျော်တို့သားအမိကို ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ခင်ဇာခြည်ကျော်က သားကြီးဘုန်းမင်းနေလကို မိခင်မေတ္တာအပြည့်နဲ့ ချစ်မဝဖြစ်နေတဲ့ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။ 

Photo Credit-Phone Min Nay La's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc

ခင်ဇာခြည်ကျော်က သားလေးဘုန်းမင်းကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ဗီဒီယိုလေးကို သူမရဲ့ My Story မှာတင်ထားတာပဲ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်ကတော့ သူမရဲ့သားသမီးလေးတွေကို အခုချိန်အထိ ကလေးလေးတွေလို ပြုစုကြင်နာနေဆဲလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Khin Zar Chi Kyaw's FB Story

Photo Credit-Phone Min Nay La's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။