ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ ၂၀၁၉ ခုနှစ်ရဲ့ One Championship ပြိုင်ပွဲတွေမှာ အခြားပြိုင်ဘက်ကောင်းတွေကိုအနိုင်ယူထိုးသတ်ကာ အောင်ပွဲတွေရရှိခဲ့ပါတယ်။ အောင်လအန်ဆန်က ဒီ၂၀၂၀ မှာ ထိုးသတ်မယ့် ပြိုင်ပွဲတွေအတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်ရေးတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ပရိသတ်တွေသာမက ပြိုင်ဘက်ကစားသမားတွေကပါ လေးစား ချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit - Aung La Nsang
Photo Credit - Aung La Nsang

အောင်လအန်ဆန်ကတော့ အေချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေး အောင်ဒီးနဲ့ မကြာခင်က မွေးဖွားထားတဲ့ သမီးလေး ဆန့်ဆိုင်း သားသမီးနှစ်ယောက်လုံးကို ချစ်မဝဖြစ်နေတဲ့ ဖခင်လေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ ပရိသတ်တွေရဲ့ အချစ်တော် အောင်လအန်ဆန် က ချစ်ရတဲ့ သမီးလေး ဆန့်ဆိုင်း ကတော့ ယနေ့ ၃ လပြည့်ခဲ့ပါပြီနော်...။

Photo Credit - Aung La Nsang
Photo Credit - Aung La Nsang

ရောဂါဖြစ်နေတဲ့ အချိန်ကာလလေးမှာ ကြီးပြင်းလာတဲ့ သမီးလေးကိုလည်း " ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ကအခုဆိုရင်သုံးလပြည့်ပါပြီ....သမီးလေးကကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်းမှာကြီးပြင်းလာခဲ့ရပေမယ့်အမြဲပြုံးရွှင်နေတတ်ပြီးအခုထိလဲအပြုံးမပျက်ပါဘူး...အားလုံးပဲဘုရားးသခင်ဆီကနေကောင်းကြီးမင်္ဂလာခံစားရပြီး၊ဒီခက်ခဲတဲ့အချိန်ကာလကိုအပြုံးတွေနဲ့အတူကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ အောင်လအန်ဆန် ရဲ့ သမီးလေးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Aung La Nsang

Source - Aung La Nsang's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။