Smack-Down ဆိုတာနဲ့ လူတိုင်းသိရှိကြမှာဖြစ်ပါတယ်။ ကလေးဘဝကတည်းက ဂိမ်းဆိုင်ကိုသွားပြီး တစ်နာရီ ၂၀၀ နဲ့ P2 မှာ Smack-Down ထိုင်ဆော့ခဲ့ရတဲ့ နေ့လေးတွေလဲ ရှိခဲ့ဖူးကြမှာပါ။ WWE ပွဲတွေကိုလဲ TV မှာ လက်လွတ်မခံပဲ ကြည့်ခဲ့ဖူးကြမယ်လို့ထင်ပါတယ်။ အဲ့အပြင် Smack-Down ဆိုတာကြီးကိုလဲ တကယ်အတည်လို့ ထင်ခဲ့ဖူးရတာတွေလဲရှိဖူးကြမှာပါ။  

ကြီးလာမှ သိလိုက်ရတာက သူတို့တွေဟာ သရုပ်ဆောင်နေကြတာကိုပါပဲ။ တော်တော်လဲ သရုပ်ဆောင်တော်တယ်လို့ပြောရမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ အဲ့ဒီလို Smack-Down ဂိမ်းကို ဖုန်းပေါ်မှာ ဆော့လိုရနေပြီပဲဖြစ်ပါတယ်။ Character များစွာပါဝင်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ သူတွေကို ကိုင်ပြီးဆော့ကစားရမှာမို့ တော်တော်လေးကိုမိုက်ပါတယ်။ ထိုးချက်တွေနဲ့ ကိုင်ပေါက်ချက်တွေကတော့ တကယ်ကိုအနှစ်သာရပါ။  

WWE ရဲ့ စိတ်ဝင်စားဖွယ်ရာ Story ကိုလဲ ကစားလို့ရမှာဖြစ်ပြီး တခြားကစားလို့ရတဲ့ Mode တွေလဲရှိပါသေးတယ်။ သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပြီးလဲ သတ်ပုတ်နိုင်ပါတယ်။ ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ ပရိသတ်ကြီးအနေနဲ့လဲ စမ်းဆော့ကြည့်ပါ။ ဂိမ်းနာမည်ကတော့ WWE Mayhem ဖြစ်ကာ သင်လဲ Smack-Down ကိုကြိုက်နှစ်သက်ရင် ဆော့ကစားရတာ အကြိုက်တွေ့စေမှာပါ။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။