မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ဖန်တီးရှင်တစ်​ယောက်ဖြစ်ရုံသာမကပဲ ဖြူစင်တဲ့စိတ်ထားလေးကြောင့် လူတိုင်းကချစ်ခင်နေရတာကတော့ ညီညီမောင်(စမ်းချောင်း)ပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်အသိုင်းအဝိုင်းကအနုပညာရှင်တော်တော်များများကိုလည်း သူမရဲ့မိတ်ကပ်အစွမ်းတွေနဲ့အလှတွေပိုမိုပေါ်လွင်စေသူပါ။ သုသုဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

သူမဟာ လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက အမှတ်တရဖြစ်ရပ်လေးတွေကို ပြန်လည်ရေးသားဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း " ကျမ ပြောသော ကျမ အကြောင်း

ဒီပုံလေး ကို ကြည့်မယ် ဆိုရင်တော့ သာမာန် လူတွေစုထိုင်နေသလိုပဲတဲလေးတစ်တဲထဲမှာ တကယ် တော့ အကယ်မီ မင်းသမီး ရယ် ဇာတ်ပို့ မင်းသမီးလေးတွေရယ်

မိတ်ကပ်သမားတယောက်ရယ်ပေါ့ရှင် အဲ့ခေတ် အခါ ကတော့ သာမန်အမှတ်တရ ဓါတ်ပုံလေးရိုက်ခဲ့တာပါပဲ

တကယ်တန်းတော့ တဲလည်းမဟုတ်ပါဘူး နွားတင်းကုတ်ရှေ့က ထိုင်ဖို့လုပ်ထားတဲ့နေရာလေးမှာ ကားရိုက်ဖို့မပါသေးလို့ထိုင်စောင့်နေတာပါ နွားချီး နံ အစာနံသေးနံ ကလဲ အရမ်းနံတယ်ဆိုတာအညာ ဒေသ သွားဘူးလည်ဘူးရင် သိပါလိမ်မယ်

မလတ် က အလုပ်ခွင်မှာ အလုပ် ကိုပဲအာရုံစိုက်တယ် ကိန်းကြီးခန်းကြီး ရူတင် ခုံနဲ့ ထိုင်ရမှ ထီးမိုးပေးမှ ဆိုတဲ့ စိတ်ကိုမရှိတာ ရန်ကုန် မှာ ကားရိုက်သွားရင် မိတ်ကပ်သမားရယ် အိမ်ကူကောင်မလေးရယ် မလတ်ရယ် ဒါနဲ့ ပဲသွားတယ် အရေးပေါ် ရူတင် ပစ္စည်းအသုံးအဆောင်လိုအပ်မှသာ အိမ်က မနွေးတို့လာပို့တာ မနွေးဆိုတာကတော့ မလတ်ညီမပါ အကယ်လို့ နယ် ရူတင်တွေဆိုရင်တော့ မလတ်ရယ် တခါတလေ မေကြီး လိုက်ရင်လိုက် မလိုက်ရင် မနွေးရယ်လိုက်ပါတယ် မိတ်ကပ်သမားကျမ အိမ်အကူကောင်မလေး ကားဒရိုင်ဘာ ဒါနဲ့ပဲ အလုပ်လုပ်ကျတာပါ 

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

ယနေ့ထက်တိုင် မလတ် နဲ့ နေခဲ့လို စည်းကမ်းဆိုတာရှိလာတာပါ အရင်က ပရမ်းပတာ ကျမက အကယ်ဒမီ မင်းသမီးဆိုပေမဲ့ မနက် ၈နာရီဆိုတာနဲ့ရူတင်သွားဖို့မိတ်ကပ်စလိမ်းပြီ ကိုယ်ရောက်တာနဲ့ရေမိုးချိုးပြီး အောက်ခံ မိတ်ကပ်လိမ်းပြီး ရူတင်ပစ္စည်းများထည့်ပြီးဖြစ်နေပြီ ကျမရောက်တာနဲ့ မိတ်ကပ်တန်းလိမ်းရုံပဲ ပြီးတာနဲ့ ရူတင်သွားတနေကုန်အလုပ်လုပ် ကျတာပေါ့ ရူတင်မှာဆိုလဲ သူ့အလုပ်သူလုပ် တချိန်လုံးတောက်တဲ့လိုကပ်နေစရာမလိုဘူး ရူတင်ရောက်စရိုက်တာနဲ့မော်နီတာကြည့် အစင်ပြေတယ်ဆိုရပြီ အဲချိန်အခါက မိတ်ကပ် အောင်အောင် (တောင်ကြီး) အလုပ်အရမ်းများတာမလား ကိုယ်ဆရာစီမနက်၃နာရီလောက်ဘွဲ့တွေ ထကူဆိုတော့ ရူတင်ရောက်တော့ ပင်ပန်းလို အိပ်ချင်ပြီလေ နေလည်ထမင်းစား နားပြီး မိတ်ကပ် ပြန်ပြင်ပေးပြီးတာနဲ့ ရူတင်မှာ အိပ်ပြီလေ ကျမ မလတ် ကမဆူပါဘူး အကူအိမ်ဖော်ကောင်မလေးနဲ့ သူရိုက်စရာရှိတာရိုက် လိုမှ မိတကပ်ဆံပင်လုပ်ပေး ရတာ တချို့တွေလို ငါပိုက်ဆံပေးခိုင်းတာပဲ တန်အောင်တော့ ခိုင်းမယ်ဆိုတဲ့စိတ်သူ့မှာမရှိဘူး သူနေရာမှာကိုယ်ဆိုရင်ဆိုတဲ့စိတ် မလတ်မှာရှိတယ်လေ အဲ့ကြောင့်လဲ နောက်ပိုငိးကိုယ်ကို ကိုယ်ရှက်လာတယ် သူလို အကယ်ဒမီ မင်းသမီးတောင်အလုပ်ကြိုးစားတာ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဆိုပြီး အတုယူတယ် ကြိုးစားတယ်

မလတ်ကို သဘော အကျဆုံးက ဘယ်လောက်ပဲပင်ပန်းပင်ပန်းရူတင်မှာ ဒရာမာတွေရိုက်ငို မျက်နာတွေရဲ လူပင်ပန်းလဲ အိမ်ပြန်ရောက်တာနဲ့ ပစ္စည်းတွေကားပေါ်က ချပြီးတာနဲ့ နောက်နေ့အတွက်ထည့်ပြီးပြီ အခန်းဆက်ပါအခန်းဆက် သူနေရာနဲ့ သူ့အမှတ်သားနဲ့ ပဲ အခုခေတ်လို မိတ်ကပ်ဆရာ ကအုပ်သုံ ဘုတ်ဆုံ စရာမလိုဘူး မိတ်ကပ်ပဲလိမ်းရုံပဲ အဲ့တော့ပျော်တာပေါ့ တချိန်လုံးရူတင်ခုံ ရူတင်ထီး မိုးပေးနေစရာမလို အဝတ်စားလဲမမှတ်ရ မိတ်ကပ်အလုပ်ပဲလုပ်ရတာလေ မိတ်ကပ်ဆရာ ကို တန်ဖိုးထားတော့ မိတ်ကပ်ဆရာက ပျော်ပြီလေ ရူတင်မလိုက်ချင်ရှိတော့မလား ကိုယ်မလုပ်ရလို့ အိမ်အကူ ကောင်မလေး သရဲမရဲစီးလုပ်ရမလားမှတ်နေ သတ်တောင်သတ်သာ ကော်ဖီ အချိန်မှန်ဖျော်တိုက် ထမင်းခူးပေး ရူတင်မှာဒါလောက်သာသာလုပ်ရတယ်

ကျမ အခု ကားမောင်းတက်ရခြင်းအကြောင်း ကမလတ်ကြောင့် မောင်းရဲတာ ပြောရမယ်ဆိုရင် ကိုယ်တွေ ကရုပ်သာစိုးတာ လက်တွေခြေထောက်တွေ ကားမောင်းလို တခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့ ကားဝယ်ပြီးမမောင်းရဲဘူး ဒါနဲ့ အကယ်ဒမီမင်းသမီး လှတဲ့သူတောင်မောင်းတာ ဘာကြောက်ရမှာလဲရအောင်မောင်းမယ်ဆိုပြီး ကျင့်ရင်းတက်သွားတာ ကားမော င်းတာကစ မလတ်က အရမ်းကြွမ်း အစစအရာရာ အသေးဖွဲလေးကစ ကျမအတွက်တော့ စံ ပါပဲ မလတ်က

မင်းသမီးတဲ့ဘာဟန်ပန်မှမရှိ နွားတင်းကုပ်မှာမိတ်ကပ်ဆရာ အိမ်အကူ ပါတဲ့သရုပ်ဆောင်တွေနဲ့ပုံမှန်ပဲရောနှောထိုင်နေတာ ကြည့်ပါဦး အဲ့လိုစိတ်ဓါတ်မျိုးရှိလိုလဲယနေ့ထက်တိုင် ရုပ်ရှင်မရိုက်တော့ပေမဲ့လည်း သူမ ပရိတ်သတ်ကြီး ကချစ်ခင် အားပေးနေကြတာပေါ့ရှင်

QueenThuThu " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Nyi Nyi Maung’s Facebook Account 

Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account
Photo Credit- Nyi Nyi Maung’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။