ပရိတ်သတ်များရဲ့ချစ်ခင်အားပေးခြင်းများစွာကို ရရှိထားတဲ့ မေတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိတ်သတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိတ်သတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo Credit : May Facebook Page
Photo Credit : May Facebook Page

ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်  ။ဒီနေ့လေးကတော့ မေရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့လေးလည်းဖြစ်ပါတယ်

Photo Credit : May Facebook Page
Photo Credit : May Facebook Page

မေက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ မေ့ရဲ့မွေးနေ့လေးမှာ ပျော်ရွှင်ပါစေဆုတောင်းပေးရင်း ချစ်ပရိသတ်တွေတွက် မေရဲ့ ပုံလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : May Facebook Page
Photo Credit : May Facebook Page

Source & Photo Credit : May Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။