MRTV -4မင်းသမီးချောလေး ခြူးလေးကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်တက်တာကြောင့် ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ ခြူးလေးက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေအပြင် သွယ်လှကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ မင်းသမီးချောလေး ပဲ ဖြစ်ပါတယ်။

Photo credit - Chue Lay's Facebook page

ခြူးလေးက ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရသူလေးပါ။ သူမက အားလပ်တဲ့အချိန်လေးတွေမှာ ဟာသ Tiktok video လေးတွေကို ဆော့လေ့ရှိပြီး လူမှုကွန်ယက် စာမျက်နှာကနေ ပရိသတ်တွေဆီကို အမြဲဝေမျှပေးနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခြူးလေးက ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုလည်း တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာပါနော်.....။

Photo credit - Chue Lay's Facebook page

ယခုမှာလည်း ခြူးလေးက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " ဘဝ ဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပါ အပူတွေ မရှာ ပါရစေနဲ့ Korea ကားလေးနဲ့ဘဲ စိတ်ချမ်းသာ ပါရစေ " ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာ လှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်....... ။

Photo credit - Chue Lay's Facebook page

Source & Photo credit - Chue Lay's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။