ယနေ့မေလ ၂ ရက်ကတော့ အင်္ဂလန်အသင်းကြီး နှင့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ အသက်(၄၅)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းအနေနဲ့ ကစားသမားဘ၀တွင် မန်ချက်စတာယူနိုက်တတ်အသင်း ရီးရဲမက်ဒရစ်အသင်း ပီအက်ဂျီအသင်း la galaxyအသင်းတွေနဲ့အတူ  အသင်းလိုက်ဆုဖလားတွေများစွာဆွတ်ခူးနိုင်ခဲ့သလို တစ်ဦးချင်းအောင်မြင်မှုတွေလည်း ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ 

photo credit : david beckham ' s ig acc
photo credit : david beckham ' s ig acc

ဘောလုံးပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေခဲ့တာက ဒေးဗစ်ဘက်ခမ်းရဲ့နုပျိုမှုအ​ကြောင်းဖြစ်ပြီးအသက်၄၅နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် အမိုက်စားတတ်တူးတွေနဲ့ ခပ်လန်းလန်းဂေါ်ပြီး လူငယ်တစ်ယောက်လို နုပျိုနေတာပဲဖြစ်ပါတယ်။ အဆိုပါအချက်​ကြောင့်လည်း ယနေ့ထိတိုင် မိန်းကလေးတွေ​ကြွေနေရဆဲဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းရဲ့နုပျိုမှုက ပရိသတ်တွေကို အံအားသင့်စေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ သူတို့ချစ်ခင်ရတဲ့ ဒေးဗစ်ဘက်ခမ်းကို မွေးနေ့ဆုမွန်ကောင်းတွေ ကိုယ်စီတောင်းပေးနေကြပါတယ်။ 

photo credit : david beckham ' s ig acc
photo credit : david beckham ' s ig acc

အသက်၄၅နှစ်ပြည့်မြောက်ချိန်မှာ ဘောလုံးပရိသတ်တွေ အသည်းစွဲ ချစ်ခင်အားပေးခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်းအနေနဲ့ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်တဲ့ မီယာမီကလပ်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒေးဗစ်ဘက်ခမ်းအနေနဲ့ဝင်ငွေအကောင်းဆုံးအားကစားသမားစရင်းမှာ ပါဝင်နေပြီဖြစ်သလို ဇနီးဖြစ်သူနဲ့အတူ ရှာဖွေထားတဲ့ ငွေကြေးတွေကြောင့်လည်း တစ်စတစ်စပိုမိုကြွယ်ဝချမ်းသာလာနေခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းကတော့ စီးပွားရေးလုပ်ကိုင်ရာမှာ ထူးချွန်သလို မိသားစုကိုလည်း အချိန်အပြည့်အဝပေးလျက်ရှိနေပါတယ်။

source:  david beckham  ' s  ig acc

photo credit : david beckham ' s ig acc
photo credit : david beckham ' s ig acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။