ပါးချိုင့်လေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကို သိမ်းကြုံးရယူထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်ပဲ ဖြစ်ပါတယ်။ သူဟာ ရုပ်သံဇာတ်လမ်ူတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုတွေကို ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကိုလည်း ဝါရင့် သရုပ်ဆောင်များကပါ ချီးကျုးနေကြတာပါ။

Photo Credit- Kyaw Htet Zaw’s Facebook Account
Photo Credit- Kyaw Htet Zaw’s Facebook Account
Photo Credit- Kyaw Htet Zaw’s Facebook Account

လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ " အချစ်ဖွဲ့ လေညင်း " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ပြသလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ရောင်နီနဲ့ မိုးသောက်ဆိုတဲ့ ကာရိုက်တာ နှစ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လတ်တလောမှာ ရေပန်းအစားဆုံး ဇာတ်လမ်းတွဲ ဖြစ်နေတာပါ။

Photo Credit- Kyaw Htet Zaw’s Facebook Account
Photo Credit- Kyaw Htet Zaw’s Facebook Account
Photo Credit- Kyaw Htet Zaw’s Facebook Account

အခုမှာလည်း သံသာမိုးသိမ့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ " TV ထဲမာပဲပြဿနာတက်နေတာ..

ဒီမာကျတော့ လှအောင်နေရမယ်လေနော်

ပြီးတော့ ကျွန်မကထောသွားပီလေနော် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကိုဝေမျှလိုက်တဲ့ ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Kyaw Htet Zaw’s Facebook and Than Thar Moe Theint’s Facebook Account 

Photo Credit- Than Thar Moe Theint’s Facebook Account
Photo Credit- Kyaw Htet Zaw’s Facebook Account
Photo Credit- Than Thar Moe Theint’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။