ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတဲ့ ညီညီမောင်ကတော့ ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတာပါနော်။ညီညီမောင်ကို ပရိသတ်တွေက သုသု လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အပြုအမူလေးတွေကလည်း ပွင့်လင်းရိုးသားလို့ စိတ်သဘောထားကောင်းသူလေးဆိုတာတွေ့မြင်နိုင်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

သုသုက လင်းလင်း၊မထက်တို့နဲ့လည်း အရမ်းအတွဲညီပြီး သုံးယောက်သားဆုံလိုက်ရင် အမြဲရယ်မောနေရတာဖြစ်ပါတယ်။သုသုတို့က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အတူတူတွဲရိုက်ထားပြီး ပရိသတ်တွေကလည်းတစ်ခဲနက်အားပေးကြပါတယ်။သုသုကလည်း မိန်းကလေးတွေကို အလှတရားတွေခြယ်သပေးတာကြောင့် သူမကိုယ်တိုင်လည်း တစ်နေ့တစ်ခြားပိုပိုလှလာပြီး လူအများရဲ့မေတ္တာကိုရရှိနေတာပါနော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

သုသုကတော့ လတ်တ‌လောမှာဆိုရင် အိမ်ထဲမှာပဲအေးအေးချမ်းချမ်းနေထိုင်နေပြီး ပရိသတ်တွေလည်းမပျင်းရအောင်လို့ သူမရဲ့ဘဝအကြောင်းလေးတွေကို ရေးသားမျှဝေနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သုသုက ငယ်ငယ်လေးတုန်းက နှစ်ခါရှင်ပြုခဲ့တဲ့အကြောင်းလေးကိုရေးသားလာပြီး ပရိသတ်တွေလည်မြင်ဖူးအောင်လို့ ရှင်ပြုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

Source&Photo Credit:Nyi Nyi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။