မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ် ။ ပုရိသတွေကြားမှာ အထူးတလည် ရေပန်းစားနေတဲ့ သင်ဇာက မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ သင်ဇာက အမိုက်စားဖက်ရှင်တွေနဲ့ အမြဲတမ်းထိထိမိမိလှနေတာကြောင့်လည်း အားလုံးကစိတ်ဝင်တစားအားပေးနေရတာ ဖြစ်ပါတယ်

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc

သင်ဇာဝင့်ကျော်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေအများဆုံးရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြားအလှတွေပိုတိုးလာသလို အသက်(၃၀)ကျော်တာတောင် အရွယ်တင်နုပျိုနေတာလည်း ဖြစ်ပါတယ် ။ ကျန်းမာရေးလိုက်စားတဲ့ သင်ဇာက အခုလည်း လေ့ကျင့်ခန်းတွေ ကြိုးစားပမ်းစား လုပ်နေတာဖြစ်ပါတယ်။

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc

သင်ဇာက ခန္ဓာကိုယ်လေးကိုအပေါ်မြှောက်တဲ့အနေအထားနဲ့လေ့ကျင့်ခန်းတွေအပီအပြင်လုပ်နေတာပဲ ဖြစ်ပါတယ် ။ ကျစ်လစ်လှပတဲ့ကိုယ်လုံးလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ သင်ဇာက မကြာခဏဆိုသလို GYM ကစားနေတဲ့ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စားဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thinzar Wint Kyaw's FB Acc 

Photo Credit-Thinzar Wint Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။