ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ ဆယ်စုနှစ်တွေကတည်းက TV ဖန်သားပြင်နဲ့ ကြော်ငြာတွေထက်မှာ နေရာယူထားကာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် တစ်ဦးပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာတဲ့အထိ ရပ်နားထားခဲ့ပေမယ့် ယနေ့အချိန်ထိ ပရိသတ်တွေက ချစ်ခင်အားပေးနေကြသလို လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာလည်း ပရိသတ်တွေ တွေ့မြင်ကြရမှာပါနော်..။

Photo Credit - Smile's FB Page
Photo Credit - Smile's FB Page

စမိုင်းလ်ကတော့ ပွင့်လင်းပြီး ဖော်ရွေတတ်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်သလို အခုလို covid-19 ကဒ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်မှာလည်း လှူတန်းမှုတွေကို ပြုလုပ်နေတာမို့လည်း ပရိသတ်တွေက သာဓုခေါ်ကာ သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

ချစ်ခင်ပွန်းနဲ့အပြင် သမီးလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေပြီး သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ စမိုင်းလ်ကတော့ အခုတစ်ခါမှာလည်း ခင်ပွန်းဖြစ်သူကို အချွဲပိုနေတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှထားပါသေးတယ်..။

Photo Credit - Smilemaung Ig
Photo Credit - Smilemaung Ig

ဂရုစိုက်မှု လိုချင်လို့ ခင်ပွန်းဖြစ်သူအပေါ် ကလေးလေးတစ်ယောက်လို လိုက်ချွဲနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချစ်မဝဖြစ်နေတဲ့ခင်ပွန်းဖြစ်သူနဲ့ သူမတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုကို လိုချင်လို့ attention ယူနေတဲ့ သူမရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Smilemaung Ig
Photo Credit - Smilemaung Ig
View this post on Instagram

I like attention

A post shared by Smile Maung (@smilemaung) on

Source & Photo Credit - Smilemaung Ig

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။