ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်လှုပ်ရှားမှုတွေနဲ့ မျက်နှာဟန်ပန်အနေအထား ပီပြင်ပိုင်နိုင်မှုတွေကြောင့် သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ချောမောပြီးဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြပြီး လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း မေပျိုဖြူလေးအဖြစ် ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားပြန်တာလည်း တွေ့မြင်ရမှာပါနော်..။

Photo Credit – Than Thar Moe Theint’s FB Account
Photo Credit – Than Thar Moe Theint’s FB Account

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ သံသာမိုးသိမ့်ကတော့ “ကျွန်မကမဟေသီ” ဇာတ်ကားမှာလည်း ဗီလိန်ဇာတ်ကောင်နဲ့ ပရိသတ်တွေကို အသည်းတယားယားဖြစ်အောင် ဖမ်းစားနိုင်ပြီး လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း ချစ်စရာကောင်းစွာ ပရိသတ်တွေကို သဘောကျစေသူလေးပဲ ဖြစ်ပါတယ်နော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပြီး ပိတ်ရက်လေးမှာ လွမ်းနေကြတဲ့ ချစ်ပရိသတ်တွေအတွက်လည်း သံသာမိုးသိမ့်က အသည်းယားစရာဟန်ပန်လေးတွေနဲ့ ဆော့ကစားထားတဲ့ သူမရဲ့ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

Photo Credit – Than Thar Moe Theint’s FB Account
Photo Credit – Than Thar Moe Theint’s FB Account

“စနေနေ့လေးပါပဲ..” ဆိုပြီး လူငယ်ဆန်ဆန် ချစ်စရာဟန်ပန်လေးတွေနဲ့ အမျိုးမျိုး မရိုးနိုင်အောင် ချစ်စရာကောင်းစွာ ဆော့ကစားထားတဲ့ မင်းသမီးချောလေး သူမရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို အလွမ်းပြေကြည့်ရင်း ပရိသတ်တွေလည်း သူမကို အချစ်ပိုနေကြဦးမှာပါနော်..။

ကဲ.. ပရိသတ်ကြီးရေ.. စနေ တနင်္ဂနွေပိတ်ရက်လေးတွေမှာ မေပျိုဖြူလေးကို လွမ်းနေကြတဲ့ သူမရဲ့ချစ်ပရိသတ်တွေ အလွမ်းပြေကြဖို့အတွက် Tik Tok ဆော့ကစားထားတဲ့ သံသာမိုးသိမ့်ရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit – Than Thar Moe Theint’s FB Account
Photo Credit – Than Thar Moe Theint’s FB Account

Source & Photo Credit – Than Thar Moe Theint’s FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။