မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နာဂစ်မုန်တိုင်းကြီးကြောင့် ပြည်သူတွေအသက်ပါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဒုက္ခတွေခံစားခဲ့ရလို့ သွားရောက်ကူညီပေးခဲ့တဲ့အကြောင်းကို ပြန်လည်ပြောပြလာခဲ့ပါတယ်။ဦးဇော်ဇော်ကတော့ " ၁၂နှစ်အကြာ ဝမ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့လွန်ခဲ့တဲ့ (၁၂)နှစ်ကြာ ၂၀၀၈ခုနှစ်၊ မေလ (၂)ရက်နေ့က အားလုံး ယူကျုံးမရ ကြေကွဲဝမ်းနည်းခဲ့ရတဲ့ နေ့ရက်တစ်ခုကို ကျွန်တော်တို့တတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ် "ဆိုပြီးရေးသားထားပါတယ် ။

PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE

ဦးဇော်ဇော်ကတော့ " မြန်မာ့သမိုင်းမှာ အဆိုးရွာဆုံး နာဂစ်မုန်တိုင်းကြီး ဒဏ်ကြောင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်က ဒေသခံ တစ်သိန်းကျော် အသက် ဆုံးရှုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခအတိ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။ကျွန်တော်တို့ ဧရာဝတီ ဖောင်ဒေးရှင်းအနေနဲ့ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ကြရတဲ့ လပ္ပတ္တာမြို့ကို ချက်ချင်းသွားရောက်ခဲ့ပြီး ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လိုအပ်ချက်များရှိတဲ့ကြားမှ မိမိတို့ တတ်စွမ်းသမျှ တစ်နှစ်ကျော်ကြာ ကြိုးပမ်း လုပ်ဆောင်ခဲ့ပါတယ် "ဆိုပြီးရေးသားထားပါတယ်။

PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE

ဦးဇော်ဇော်ကတော့  " ပြန်လည်ထူထောင်ရေး အနေဖြင့် ကျေးရွာများ ပြန်လည် တည်ဆောက်ပေးခြင်း၊ ဆေးရုံ၊ ကျောင်းများ ပြန်လည် ပြုပြင်တည်ဆောက်ပေးခြင်း၊ ဘာသာရေး အဆောက်အအုံများ ပြုပြင်တည်ဆောက်ပေးခြင်း၊ သောက်ရေကန်များ ပြန်လည်တူးဖော်ပေးခြင်း၊ မိဘမဲ့ကျောင်းများ၊ Cyclone Shelter များ တည်ဆောက်ပေးခြင်း၊ ဆေးရုံကား၊ မီးသတ်ကားများ လှူဒါန်းပေးခြင်းအပြင် စာသင်ကျောင်းများအတွက် စက်ဘီးများ၊ စာရေးကိရိယာများပါမကျန် ဘက်ပေါင်းစုံမှ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် မိမိတို့နှင့်အတူ လက်တွဲ၍ အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက် ခဲ့ကြသူများအား အထူးပင်ကျေးဇူး တင်ရှိကြောင်းနှင့် ယခုကဲ့သို့ အဖြစ်ဆိုးမျိုး နောက်တစ်ကြိမ် မကြုံတွေ့စေဖို့ ဆန္ဒပြုသကဲ့သို့ ယနေ့တိုင် ကျန်ရစ်သူ မိသားစုများ အားလုံးနဲ့ ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းလျက် ရှိပါတယ် "ဆိုပြီးရေးသားထားပါတယ်။

aource: U ZAW ZAW ' S FACEBOOK PAGE 

PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE
PHOTO CREDIT : U ZAW ZAW ' S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။