ပရိတ်သတ်ကြီးရေ.....အောင်မြင်တဲ့မင်းသမီး တစ်ယောက်အနေနဲ့ရပ်တည်နေပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ မင်းသမီးချောလေး မိုးယုစံကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာ ဗီဒီယိုဇာတ်ကားများ၊ကြော်ငြာများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့သူလေးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့သူလေးဖြစ်ပါတယ်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ ယခုဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်ပြီး သားလေးကောင်းသိင်္ခမိုးသူဟာလည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးနဲ့ ပြည့်နေသူလေးပါ ။

မိုးယုစံဟာ မိသားစုကိုအချိန်ပေးတတ်သူဖြစ်တာကြောင့် နောက်ပိုင်းတွင်အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပါ။ ပရိတ်သတ်တွေကတော့ မိုးယုစံလေးကိုရော သူမရဲ့မိသားစုကိုပါ အချစ်တွေတိုးပြီး ဆက်လက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ သူမရဲ့မိသားစုပုံရိပ်လေးတွေ၊tik tokဗီဒီယိုလေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် မောင်ဖြစ်သူနဲ့အတူ အတွဲညီညီရိုက်ထားတဲ့ tik tokဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် မိုးယုစံတို့မောင်နှမနှစ်ယောက်ရဲ့ tik tokဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

Source- Moe Yu San's Facebook acc

Photo credit-Moe Yu San's Facebook acc

Video Credit-Moe Yu San's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။