အဆိုတော်ပိုပိုကတော့ အနုပညာလောကမှာနေရာတစ်ခုကို ရယူထားနိုင်ပြီး အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့အားပေးမှုရရှိထားသူ ဖြစ်ပါတယ်။ အလွမ်းသီချင်းလေးတွေ အချစ်သီချင်လေးတွေကို သီဆိုလေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြထားရာ အဆိုပါသီချင်းသစ်လေးတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။ 

PHOTO CREDIT : ပိုပို ' S FACEBOOK PAGE
PHOTO CREDIT : ပိုပို ' S FACEBOOK PAGE

အသားအရည်စိုပြေပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတစ်ပွင့်ကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပျော်ပျော်ပါးပါးနေထိုင်ပြောဆိုတတ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောင်ပဲဖြစ်ပါတယ်။အမိုက်စားဖက်ရှင်လေးနဲ့ ခပ်လန်းလန်းလေးဂေါ်နေပြီး သီချင်းအသစ်လေးတွေထွက်ရှိဖို့ ပြင်ဆင်နေတဲ့ သူမကတော့ ယခုမှာ ချစ်စရာကောင်းတဲ့တူမလေးနဲ့အတူ ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ 

PHOTO CREDIT : ပိုပို ' S FACEBOOK PAGE
PHOTO CREDIT : ပိုပို ' S FACEBOOK PAGE

သူမကတော့ " တူမ လေးကို ကိုယ့်ထက် ပဲပေးတတ် တာ ပိုချစ်စရာကောင်းနေတာ ကလေးတောင် မွေးချင်လာပြီ "ဆိုပြီးချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုရဲ့ ချစ်စရာကောင်းတဲ့ တူမလေးနဲ့အတူ ပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

SOURCE : ပိုပို ' S FACEBOOK PAGE 

PHOTO CREDIT : ပိုပို ' S FACEBOOK PAGE
PHOTO CREDIT : ပိုပို ' S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။