ပရိတ်သတ်ကြီးရေ......Mrtv-4ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိတ်သတ်အားပေး၀န်းရံမှုရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သံသာမိုးသိမ့်လည်း အပါအ၀င်ဖြစ်ပါတယ်။

သူမဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အနုပညာအရည်အချင်းပြည့်၀တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

သံသာမိုးသိမ့် ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ကျွန်မကမဟေသီဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းမချောအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်အားပေးမှုရရှိခဲ့တာပါ။

ယခုအခါမှာလည်း သူမပါ၀င်သရုပ်ဆောင်ထားတဲ့အချစ်ဖွဲ့လေညင်း ဆိုတဲ့ဇာတ်လမ်းတွဲပြသနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း မေပျိုဖြူအနေနဲ့ သွက်သွက်လက်လက်လေးသရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

သံသာမိုးသိမ့်ဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "ဆရာနီရေ ဒီလိုတော့သူများရေခဲမုန့်ကို မငတ်သင့်ပါ Caption နှင့်တကွ ပုံအစဉ်လိုက်တိုင်းဖတ်ရန် တောင်းဆိုသူများရှိလို့တင်တာပါနော်စနေနေ့အပျင်းပြေလေးပါ behind the scene လေးပေါ့" ဆိုပြီး မင်းသားချော ကျော်ထက်ဇော်ကိုဆေးထိုးကာ စနောက်ထားတာဖြစ်ပါတယ်။ ကဲ.......ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

Source-Than Thar Moe Theint's Facebook acc

Photo credit-Than Thar Moe Theint's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။