ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေး ကျော်ထက်ဇော်ကတော့ တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်စရာ ဟန်ပန်အမူရာလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးဝန်ရံခြင်းကို ရရှိထားနေတာကိုလည်း တွေ့နေရပါပြီနော်...။ ကျော်ထက်ဇော် ဟာဆိုရင် လတ်တလော MRTV -4 မှာပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းလေးထဲမှာ မတူညီနဲ့ ဇာတ်ကောင် နှစ်မျိုးနဲ့ ပရိသတ်တွေကို ဖမ်းစားထားတာဖြစ်ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီဇာတ်လမ်းတွဲလေးကလည်း လက်ရှိမှာ ပရိသတ်တွေရဲ့ အထူးစိတ်စားမှုကို ရရှိထားတာကိုလည်းတွေ့ရပါတယ်။ ကျော်ထက်ဇော်ဟာဆိုရင် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်ပုံရိပ်တချို့တွေကိုလည်း နေ့စဉ်အမြဲ ဆိုသလိုဖော်ပြပေးလေ့လည်း ရှိပါတယ်။ ယခုတစ်ခါမှာလည်း ဇာတ်လမ်းလေးထဲက အမှတ်တရ ပုံရိပ်တချို့ကို ပရိသတ်တွေအလွမ်းပြေဖြစ်အောင်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီပုံလေးတွေထဲမှာတော့ ကျော်ထက်ဇော်က မျက်မှန်လေးတပ်ပြီး ရိုးရှင်းအေးချမ်းတဲ့မြန်မာဝတ်စုံလေးကိုဝတ်ကာ နှုတ်ခမ်းနီမလေးတွေအသည်းယားစေလောက်မယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားချောလေး ကျော်ထက်ဇော် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ...Myanmarload ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ လွမ်းပြေဖြစ်အောင် မင်းသားချောလေး ကျော်ထက်ဇော် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။