ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားကြသူတွေကတော့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဂီတလောကမှာ အောင်မြင်မှုတွေများစွာ စိုက်ထူထားနိုင်ခဲ့ကြတဲ့ သူတွေအဖြစ် ရပ်တည်နေရုံသာမကဘဲ ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကိုလည်း ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ချစ်ခင်ကြတာပါ။

Photo Credit- Htwe Lynn Ko’s Facebook Account
Photo Credit- Htwe Lynn Ko’s Facebook Account
Photo Credit- Htwe Lynn Ko’s Facebook Account

လင်းလင်းတို့ ဇနီးမောင်နှံဟာ ခေတ်သစ် ဖောင်ဒေးရှင်းတည်ထောင်ထားကြပြီး ဒီဖောင်ဒေးရှင်းမှတစ်ဆင့် လတ်တလော လိုအပ်တဲ့နေရာတွေကို လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒီလို ပရဟိတအလုပ်တွေကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်တာကြောင့်လည်း အားလုံးက လေးစားအားကျနေကြတာပါ။ အခုမှာလည်း လင်းလင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ဇနီးလေးကို စနောက်ကာ ဆေးထိုးထားတဲ့ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Htwe Lynn Ko’s Facebook Account
Photo Credit- Htwe Lynn Ko’s Facebook Account
Photo Credit- Htwe Lynn Ko’s Facebook Account

" ' ရို ' တယ်ဆိုတာ ဒါကိုပြောတာ,,

အလှည့်ကျ မနွဲ့စတမ်းပေါ့ မထရီဇာရာ,,

ငါ့ကိုဖဲ့တာ တော်တော်များနေပြီ

ခု ဒင်းအိပ်နေတုန်း တင်တာ

( စန္ဒယား ကော့ခ်တွေတောင်မှားသွားမယ် ဟွင်းဟွင်း ) " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြည့်ရှုနိုင်ရန် ခံစားချက်အပြည့်နဲ့စန္ဒယားတီးနေတုန်းနောက်ကနေမျက်နှာပြောင်လုပ်ပြနေတဲ့ခင်ပွန်းကြောင့် မျက်နှာလေးစူကာစိတ်ဆိုးနေတဲ့ ချစ်သု​ဝေရဲ့ Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Htwe Lynn Ko’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။