ပရိသတ်ကြီးရေ မင်းသမီးချောလင်းဇာနည်ဇော်ကတော့ ချစ်အစ်မကြီးချစ်ချစ်ဇော် ဒါရိုက်တာမိုက်တီးတို့နဲ့အတူ မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနဲ့နေထိုင်နေကြတာပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိနေဆဲဖြစ်ပြီး ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေလုပ်ကိုင်နေဆဲပါနော်။လင်းဇာနည်ဇော်ရဲ့ သမီးလေးမြူလင်းကိုကိုကလည်း (၂၂)နှစ်ကျော်အရွယ်ဖြစ်လို့ မေမေတို့အတွက်အားကိုးလို့ရနေပါပြီနော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ကတော့ သမီးလေးကိုလည်း နိုင်ငံခြားကျောင်းတက်စေခဲ့ပြီးအစွမ်းကုန်ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။မြူလင်းလေးက မေမေ့ရဲ့သွေးအပြည့်ပါလို့ အနုပညာအလုပ်တွေကိုဝါသနာပါပြီး လက်ရှိမှာဆိုရင်လေ့လာသင်ယူနေတာဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်တို့မိသားစုလေးက မိသားစုဝင်တွေလည်းအများကြီးရှိတာကြောင့် ပျော်စရာကြီးဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်၊ချစ်ချစ်ဇော်နဲ့ဒါရိုက်တာမိုက်တီးတို့ မောင်နှမသုံးယောက်ကလည်း တိုင်တိုင်ပင်ပင်နဲ့လုပ်ဆောင်ကြပြီးစည်းလုံးကြပါတယ်နော်။မောင်နှမအချင်းချင်းလည်း ချစ်ချစ်ခင်ခင်ရှိကြလို့ အခုဆိုရင်တော့ လင်းဇာနည်ဇော်က အိမ်ရှေ့ကဒန်းလေးမှာ အကိုဖြစ်သူနဲ့အတူတူထိုင်နေပြီး"အရင်ကအကို ခုမောင်လေးဖြစ်သွားပြီ"ဆိုကာ မောင်နှမနှစ်ယောက်ပြုံးပျော်နေတဲ့ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။