ပရိသတ်ကြီးရေ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကေညီကိုတော့ သိကြမယ်ထင်ပါတယ်။ အနုပညာနယ်ပယ်မှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိကာ နေရာတစ်ခုကို အခိုင်မာရပ်တည် ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဟာသဇာတ်ရုပ်တွေအပြင် character ပေါင်းစုံ ဘယ်နေရာကနေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo Credit - K Nyi
Photo Credit - K Nyi

ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ကေညီကတော့ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင် နေရပြီလည်းဖြစ်ပါတယ်။ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်ပြီး စိတ်သဘောကျပြည့်ဝတဲ့ ကေညီ ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ရောဂါဖြစ်နေတဲ့ အချိန်ကာလလေးမှာ ကေညီရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ မိသားစုလေးနဲ့အတူတူ ပျော်ရွှင်စရာကောင်းလောက်အောင် ကျင်းပခဲ့တဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - K Nyi

ဒီဗီဒီယိုလေးနဲ့လည်း ကေညီက "Happy Birthday Stay Home မွေးနေ့အမှတ်တရ မိသားစုတွေ အိမ်မှာ မွေးနေ့သီချင်းလေးကို သံပြိုင် တစ်ယောက်တစ်Key နဲ့ ဆိုကြတာ မညီလိုက်တာ ပျော်စရာ အမှတ်တရ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း အချစ်တော်လေး ကေညီရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - K Nyi

Source - K Nyi's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။