မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ငယ်စဥ်ကတည်းက ကြော်ငြာလေးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရယူလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင် ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ယွန်းဝတီလွင်မိုးကိုတော့ ပရိသတ်တွေကပါ အားကျချစ်ခင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ယွန်းဝတီလွင်မိုးက သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကို အလွမ်းပြေတင်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ယွန်းဝတီလွင်မိုးက အိမ်မှာနေရင်း အမိုက်စားကကွက်လေးတွေနဲ့အပီအပြင်ကပြထားတဲ့ ဗီဒီယို‌အသစ်လေးကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page

ယွန်းဝတီလွင်မိုးက သီချင်းလေးနဲ့စည်းချက်ကျကျကပြပြီး Tik Tok ကစားထားတာပဲ ဖြစ်ပါတယ် ။ လူငယ်ဆန်ဆန်လေးချစ်ဖို့ကောင်းနေတဲ့ ယွန်းဝတီလွင်မိုးက ကလေးအမေလို့မထင်ရလောက်အောင်ကို ပျိုမျစ်နုနယ်စွာလှနေဆဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yunwaddy's Tik Tok Acc

Photo Credit-Yunwaddy's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။