ပရိသတ်တွေရဲ့တခဲနင် အားပေးဝန်းရံမှုတွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေနဲ့ ဆယ်စုနှစ်ကျော် အခိုင်အမာရရှိသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဝါရင့်အနုပညာရှင်ကတော့ မခိုင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ပဲ ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်တွေကို သူမတူတဲ့ကိုယ်ပိုက်ဟန်ပန်အိုင်တင်တွေနဲ့ အကောက်းဆုံးသရုပ်ဖော်နိုင်သလို အဆိုပိုင်းမှာလည်း လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ သီချင်းကောင်းလေးတွေ များစွာထွက်ရှိထားပြီး ပရိသတ်တွေရဲ့ရင်ထဲ ယနေ့တိုင်အောင် ရေပန်းစားနေတာလည်း အားလုံးအသိပါပဲနော်..။

Photo Credit - Mi Mi Khine's FB Account
Photo Credit - Dior by Heart

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး Covid-19 ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်မှာလည်း လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်ကာ အခုတစ်ခါမှာလည်း အလှူငွေ သိန်းချီအလှူဒါန်းလိုက်ပြန်ပါတယ်..။

မေလ(၂)ရက်နေ့က ရှင်သန်ရေး ကူညီမှုအသင်းမှာ (၁၀) သိန်း လှူဒါန်းလိုက်တာ ဖြစ်ပြီး "ရှင်သန်ရေး ကူညီမှု အသင်းသို့

ငွေ ကျပ်၁၀ သိန်း လှူဒါန်းပါသည်..

ထပ်တူ သာဓု ခေါ်ဆိုနိုင်ကြပါစေရှင့်.." ဆိုပြီး အမှတ်တရပုံရိပ်လေးကို ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Mi Mi Khine's FB Account
Photo Credit - Mi Mi Khine's FB Account

သူမရဲ့အမှတ်တရပို့စ်လေးအောက်မှာတော့ မိတ်ဆွေသူငယ်ချင်းများနဲ့ အနုကညာရှင် ညီအစ်ကိုမောင်နှမတွေအပြင် ပရိသတ်တွေကလည်း အားသာကြည်နူးစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာကိုလည်း အေးချမ်းကြည်နူးစွာ မြင်တွေ့ရမှာပါနော်..။

ကဲ.. ပရိသတ်ကြီးရေ.. အခုလို ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်လေးမှာ လိုအပ်တဲ့နေရာလေးတွေကို တတ်နိုင်သလောက်လေးတွေနဲ့ အင်အားဖြည့်နေကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်များရဲ့ သာဓုခေါ်စရာ အလှူလေးတွေကို ဂေမျှလိုက်တာမို့ ပရိသတ်တွေလည်း ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Mi Mi Khine's FB Account
Photo Credit - Mi Mi Khine's FB Account

Source & Photo Credit - Mi Mi Khine's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။